ALODIA နှိပ်နယ်ဆီများမှ ကြိုဆိုလိုက်ပါတယ်
ဘန်ကောက်မြို့တွင် အခြေစိုက်သော Alodia သည် ပညာရှင်များအတွက် နှိပ်နယ်ရာတွင်အသုံးပြုသောဆီများကို အဓိကထား၍ Spa ထုတ်ကုန်များ ထုတ်လုပ်သူဖြစ်သည်။ ရောစပ်ဆီ၊ ရနံ့ကုထုံး နှိပ်နယ်ဆီများနှင့် အားဖြည့် နှိပ်နယ်ဆီစတဲ့ အမျိုးအစားများစွာကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက် နှစ်ခုစလုံးအတွက် ထုတ်လုပ်ပါသည်။
အားပေးအသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံများ ရရှိစေရန် ကျွန်ုပ်တို့၏ နှိပ်နယ်ဆီများအားလုံးကို သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပါသည်။
ကျွန်ုပ်တို့အကြောင်း
Alodia ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်းရှိ Spa ဖွင့်လှစ်ထားသူများနှင့် တစ်သီးပုဂ္ဂလရပ်တည်သော အနှိပ်ကုထုံးဆရာများအတွက် အထူးထုတ်လုပ်ထားပါသည်။
ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဖန်တီးရာတွင်လည်း သဘာဝအတိုင်း၊ ဓါတုဆေးဝါးမပါဝင်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည်။
ရိုးရှင်းပြီး ထိရောက်သော ဖော်စပ်မှုများကြောင့် သင့်လုပ်ငန်းလည်ပတ်မှုကို အကောင်းဆုံးဖြစ်ထွန်းစေပြီး ဧည့်သည်များကိုလည်း စိတ်ကျေနပ်စေမည်မှာ သေချာပါသည်။
ပညာရှင်သုံး Spa ထုတ်ကုန်များ အထူးသီးသန့်ထုတ်လုပ်ပေးနေသည့် Alodia
အထူးသီးသန့်ထုတ်လုပ်ခြင်းဆိုသည်မှာ အချို့သောထုတ်ကုန်များကို လက်ဖြင့်ဖြစ်စေ၊ စက်ကိရိယာကို အတိုင်းအတာတစ်ခုအထိသာ အသုံးပြု၍ဖြစ်စေ အရေအတွက်ကန့်သတ်ကာ လိုအပ်ချက်အရ စိတ်တိုင်းကျ ထုတ်လုပ်သည့်နည်းလမ်းဖြစ်ပါသည်။
အရေအတွက် အစုအနည်းငယ်သာ ထုတ်လုပ်သော အရည်အသွေးမြင့် ကုန်ပစ္စည်းများ သို့မဟုတ် တစ်မူထူးခြားသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထူးသီးသန့်ထုတ်လုပ်ခြင်းကို ရွေးချယ်လေ့ရှိပါသည်။
အထူးသီးသန့်ထုတ်လုပ်ခြင်းမှ အဓိကရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကုန်ပစ္စည်းမှာယူမှုကို အနည်းငယ်သာ လက်ခံသည့်အတွက် ထုတ်လုပ်သည့်အချိန်အတွင်း ပြောင်းလွယ်ပြင်လွယ်နိုင်မှုမြင့်မားခြင်း
- တစ်ဦးချင်းအတွက် သီးသန့်ထုတ်ကုန်ထုတ်လုပ်မှုကို ထူးခြားကောင်းမွန်အောင် ပြုလုပ်နိုင်ခြင်း
- ထုတ်ကုန်အသစ်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်ခြင်း
ရည်မှန်းချက် နှင့် စံတန်ဖိုးများ
Spa ဖွင့်လှစ်ထားသူများ၏ လိုအပ်ချက်များနှင့် ဧည့်သည်များ၏ မျှော်လင့်ချက်များအတိုင်း စိတ်တိုင်းကျ ထုတ်လုပ်ထားသော အရည်အသွေးကောင်းမွန်သည့် လက်လုပ် Spa ထုတ်ကုန်များကို ပံ့ပိုးပေးနိုင်ရန်အတွက် သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ကာ ဒေသတွင်းပစ္စည်းများကို တတ်နိုင်သမျှ အသုံးပြုထားပါသည်။
Alodia သည် လက်မှုပညာနည်းနာများ၊ ဒေသတွင်း ကျွမ်းကျင်မှုများနှင့် ပါဝင်ပစ္စည်းများကို ပိုမိုဦးစားပေး အသုံးပြုပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်မှုပညာသည်များကို တန်ဖိုးထားပါသည်။ ပူးပေါင်းဆောင်ရွက်ရင်း နားလည်ကျွမ်းကျင်မှုကို တည်ဆောက်ကာ ကျွန်ုပ်တို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် အရင်းအမြစ်များ တိုးတက်မြင့်မားစေရန် အဖွဲ့တစ်ခုအနေဖြင့် လုပ်ကိုင်ပါသည်။
ကျွန်တော်တို့ရဲ့တင်ပို့နိုင်ငံများ၏စာရင်း
Cambodia
China
Greece
India
Japan
Kuwait
Maldives
Singapore
Sweden
United Arab Emirates
Vietnam
ရည်ညွှန်းချက်များ
နှိပ်နယ်ဆီများ (Massage oils)
ဆီအမျိုးပေါင်း၂၀ ကျော်ရှိကာ Alodia အနေဖြင့် သင့်လိုအပ်ချက် အတိအကျအတိုင်း ရောစပ်ဆီများ ကို စိတ်တိုင်းကျ ဖန်တီးပေးနိုင်ပါသည်။
ရနံ့ကုထုံး နှိပ်နယ်ဆီများ၊ အားဖြည့်ဆီများ၊ မျက်နှာသုံးဆီများ သို့မဟုတ် အခြား Spa ထုတ်ကုန်များတွင် ရောစပ်ရန် အပင်မှရရှိသောဆီများ နှင့် အမွှေးရနံ့ပေါင်း အမျိုးအမည် ၁၀၀ ကျော် ထားရှိပါသည်။
ခန္ဓာကိုယ် ကြေးချွတ်ဆေးများ (Body scrubs)
Alodia မှ ကြေးချွတ်ဆေး အမျိုးအစားများစွာကို ထုတ်လုပ်ပါသည်။
– ကြေးချွတ် ခရင်မ်များ
– ဆား ကြေးချွတ်ဆေး
– သကြား ကြေးချွတ်ဆေး
– ဆားနှင့် သကြား ကြေးချွတ်ဆေး
– သစ်ဥသစ်ဖုအမှုန့်များ
ကျွန်ုပ်တို့၏ ပစ္စည်းများစာရင်းမှ ရွေးချယ်နိုင်သလို အပင်ဓါတ်ပေါင်းများ ပါဝင်သည့်ပစ္စည်းများနှင့် ရောနှောဖော်စပ်ထားသည့် ထုတ်ကုန်များမှ ရွေးချယ်ကာ စိတ်ကြိုက်လည်းရရှိနိုင်ပါသည်။ Alodia တွင် သင့်လိုအပ်ချက်အတွက် အဖြေရှိပါသည်။
အခြားထုတ်ကုန်များ
Spa တွင် အသုံးပြုသော အခြားထုတ်ကုန်အမျိုးအစားများစွာကိုလည်း Alodia က ထုတ်လုပ်ဖြန့်ဝေပေးပါသည်။
- အပင်မှရရှိသောဆီများနှင့် အပင်မှရရှိသောဆီများဖြင့် ရောနှောဖော်စပ်မှုများ
- ပန်းရေမွှေးဆီများ
- ခန္ဓာကိုယ်သုံး mask များ
- ခြေထောက် Spa ထုတ်ကုန်များ (ရေချိုးခန်းသုံးဆား၊ နှိပ်နယ်ဆီ၊ ကြေးချွတ်ဆေးများ)
- ရေချိုးခန်းသုံးပစ္စည်းမျိုးစုံ
- ခန္ဓာကိုယ်လိမ်းလိုးရှင်း
- ရေချိုးဆပ်ပြာဂျယ်လ်
- ခေါင်းလျှော်ရည်
- ဆံပင်ပြုပြင်ထိန်းသိမ်းရေးပစ္စည်းများ
- ရေချိုးခန်းသုံးဆီများ
- ရေချိုးခန်းသုံးဆားများ
ရနံ့အမျိုးအစားများစွာဖြင့် ရရှိနိုင်ပါသည်။
မြန်မာနိုင်ငံသို့ တင်ပို့မှု
Alodia မှ မြန်မာနိုင်ငံရှိ နေ့အပန်းဖြေ Spa များ၊ ဟိုတယ်နှင့် အပန်းဖြေစခန်းများရှိ Spa များသို့ တင်ပို့လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ အားသာချက်များမှာ-
- အရည်အသွေးမြင့် Spa ထုတ်ကုန်များ
- သင့်တင့်သော ဈေးနှုန်းများ
- အနည်းဆုံးမှာယူမှုကို သတ်မှတ်မထားခြင်း
- ထုတ်လုပ်ချိန် ၃ ရက်မှ ၅ ရက်သာ ကြာရှိခြင်း
- မြန်မာနိုင်ငံသို့ တစ်ပတ်လျှင် နှစ်ကြိမ် ပို့ဆောင်ပေးခြင်း
- ကျွန်ုပ်တို့ထံတိုက်ရိုက် သို့မဟုတ် Myanmar Cargo ကုမ္ပဏီသို့ ငွေပေးချေနိုင်ခြင်း
- သယ်ယူပို့ဆောင်ချိန် ၅ ရက်မှ ၇ ရက်အထိသာ
တင်ပို့သည့် နေရာ
လူကြီးမင်းသည် အခြားနိုင်ငံတွင်နေထိုင်ပြီး လူကြီးမင်း၏ Spa အတွက် သို့မဟုတ် ဖြန့်ဝေသူအဖြစ် ကျွန်ုပ်တို့ထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုရှိပါက ကျွန်ုပ်တို့ထံဆက်သွယ်နိုင်ပါသည်။
Export to Myanmar
Alodia already delivers Day Spas and Hotel & Resort Spas in Myanmar.
Our strong points are:
- High quality Spa products
- Fair price
- No minimum order
- 3 to 5 days production time
- Deliveries to Myanmar 2 times a week
- Payment directly to us or to Myanmar Cargo company
- Transit time 5 to 7 days